သန္တပ္ပန ဒဟနနှင့် ဇီရဏပေ ပါစကေ လေးထွေ တေဇပြား။
သန္တပ္ပနတေဇော
ခန္ဓာကိုယ်၌ ပကတိရိုးရာရှိသောရှိသော ကိုယ်ငွေ့ကို "ဥသ္မာတေဇော"ဟုခေါ်၏။ ထိုဥသ္မာတေဇောအပြင် သန္တပ္ပနစသော တေဇောလေးမျိုးရှိသေး၏။ ထိုတွင် ဥသ္မာတေဇော ဖောက်ပြန်လာသောအခါ အပူဒီဂရီတိုးတက်လျက် တစ်ရက်ခြား နှစ်ရက်ခြား (ငှက်ဖျား ဖျားသလို) ဖျားစေတတ်သော တေဇောသည် သန္တပ္ပနတေဇောမည်။ (သံ-ပြင်းစွာ၊ တပ္ပန- ပူလောင်တတ်သော တေဇော)။
ဒဟနတေဇော
ထိုသန္တပ္ပနတေဇောထက်ပင် အပူဒီဂရီလွန်တက်၍ ပူလှချေရဲ့ လောင်လှချေရဲ့ ယပ်ခပ်ပေးပါ စန္ဒကူးနံ့သာ လိမ်းပေးပါ ရေချိုးချင်တယ် စသည်ဖြင့် ညဉ်းညူရလောက်အောင် ပူလောင်သော တေဇောသည် ဒဟနတေဇောမည်၏။ မီးကဲ့သို့လောင်ကျွမ်း တတ်သော တေဇောတည်း။
ဇီရဏတေဇော
ဆံဖြူအောင် သွားကျိုးအောင် မျက်စိမွဲအောင် အသားအရေတွန့်အောင် အရွယ်ယိုယွင်း၍ အိုမင်းအောင် ပြုတတ်သော တေဇောသည် ဇီရဏတေဇောမည်၏။ ဤပြခဲ့သော တေဇောသုံးပါသည် ခန္ဓာကိုယ်၌ အမြဲပါရှိကြသည်မဟုတ်။ သန္တပ္ပနနှင့် ဒဟနသည် ဖျားနေတဲ့အခါ၌သာ မူလကိုယ်ငွေ့ပျက်လျက် အပူဒီဂရီ တက်လာသော တေဇောတည်း။ ဇီရဏတေဇောသည် ရောဂါတစ်ခုခု အမြဲစွဲကပ်သောအခါ သို့မဟုတ် အရွယ်ဆုတ်ယုတ်ချိန်အခါ၌ မူလကိုယ်ငွေ့ ဖောက်ပြန်လာသော တေဇောတည်း။
ပါစကတေဇော
စားသောကအပ်သမျှသော အစာအာဟာရတို့ကို ကြေကျက်စေတတ်သော တေဇောသည် ပါစကတေဇောမည်၏။ ၀မ်းမီးဟု ခေါ်ကြသည်။ အစာသစ်အိမ်နှင့် ကပ်လျက်တည်ရှိသတတ်။ ထိုပါစကတေဇောကား ခန္ဓာကိုယ်၌ အမြဲတည်ရှိ၏။ ရှေ့ကံကြောင့် ဖြစ်ရကား အချို့သူတို့၌ ၀မ်းမီးညံ့၏။ အချို့၌ လွန်ကဲ၏။ လွန်ကဲနေသူ ညံ့နေသူတို့၌ ၀မ်းမီး၏ အနီးအပါးဝယ်ရှိသော စိတ္တဇ ဥတုဇ အာဟာရဇတေဇောတို့ကို တက်သိနားလည်ကြသော ဆေးဆရာတို့ထံ မေးမြန်ပြုပြင်က ၀မ်းမီးမှာ အထောက်အပံ့ ရနိုင်စရာ ရှိသည်။ ကံ့ကြောင့်ဖြစ်ပေါ်လာသော ၀မ်းမီးခေါ် ပါစကတေဇောကား ကံ၏အရာဖြစ်၍ ကံနှင့်သာ ဆိုင်သည်။
ကျမ်းကိုး- သင်္ဂြိုဟ်ဘာသာဋီကာ/ ရူပသမုဒ္ဒေသ-နှာ- ၄၄၅
ကျမ်းပြုသူ- အရှင်ဇနကာဘိဝံသ
Monday, February 21, 2011
တေဇောလေးမျိုး
Posted by
အရှင်နာယကာလင်္ကာရ
at
2/21/2011 12:26:00 PM
Labels: ဘာသာရေး ဗဟုသုတ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment