| From ashin nayaka and his supervisor and U so |
Wednesday, March 31, 2010
Subscribe to:
Post Comments (Atom)
သင့်ရဲ့မနက်ဖြန်လှပပါစေ...
ငါးအာရုံဘင်အစု၊ ခင်မှုနဲ့နေ့ကုန်။
နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း။
ပါယ်လေးဝ သောကဘုံမှာ၊
မျောရရုံ ရှိတော့ခမန်း။
အောက်ဝီစိ သောင်အငူမှာ၊
ခေါင်းမပြူစတမ်း။
နှစ်အရှည် နစ်မည်လမ်းကိုလ၊
နင်မျှော်စမ်း နင့်ကိုယ်။
ဒေသနာထင်အလင်းရယ်နှင့်၊
နင့်အဖျင့် ပိုထက်သာပို။
သည်လောဘ စရိုက်အိုကို၊
မလိုက်လို ရှောင်ပစ်လို့၊
နောင်အသစ် တကယ်ပြင်လျှင်၊
ကောင်းဘို့အစဉ်။
ခွင့်သာခိုက်မှ မလိုက်ချင်လျှင်၊
အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲမှ မခဲချင်လျှင်
အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းမှ မရုန်းချင်လျှင်၊
အရှုံးနင့်ပြင် ရှိသေးလေလိမ့်လား။
ဗုဒ္ဓမြတ်စွာလောင်းလျာတုန်းက၊
နောက်ဆုံးအထိပါရမီ
လူနတ်များစွာ၊
ချမ်းသာရေးမို့ ၊
အသက်ပေး၍၊ ဖြည့်ခဲ့သည်၊
ဗုဒ္ဓမြတ်စွာသာသနာအတွက်တော့၊
ငါပါအသက်ဆုံးစေမည်၊
နောက်မဆုတ်ပေါင်၊
ခုလိုတွေးလို့ ၊
ကုသိုလ်ရေးမို့ ၊ ကြိုးစားမည်၊
ဒို့ လဲကြိုးစားမည်။
မဟာဂန္ဓာရုံဆရာတော်
တကယ်ဖြစ်ချင်တကယ်လုပ်အဟုတ်
ဖြစ်ရမည်လို့အဓိဋ္ဌာန်လုပ်ရတယ်။
နိပ္ဇန္နောသောဘနောအတ္ထော-
ကိုယ်လုပ်တဲ့အလုပ်ပြီးစီးအောင်
မြင်မှတင့်တယ်တာကွ။
1 comments:
မနက်ဖြန် ချေရာဖျောက်
သေချာပေါက် တွေးသော်
မြေကမ္ဘာ လျှောက်သွားနေတယ်
နားမနေ တအား
ကုလားနှင့် ကန်နှစ်ပြည်ဝယ်
မှန်တကယ် ရှိပါရဲ့လား
ကြံစည်တာ ပေါက်မြောက်ရေး
နဂိုတွေး စိတ်ဝယ်
အပျိုလေး နှိပ်စက်မယ်
ထားလေကွယ် သတိ
သွားရပ်အိပ် လျောင်းချိန်တွေ
မြတ်ဓမ္မေ လွှမ်းဆင့်လေဘိ
လမ်းသင့်လို့ နှိုးဆော်သံ
ကျိုးမျှော်ကာညံ
တစ်မျိုးသော် ထင်မလိုက်ပါနဲ့
စဉ်တစိုက် ချစ်လွန်းလို့လေး။
Post a Comment