သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာ
ဖိတ်ကြားလွှာ
ဖိတ်ကြားအပ်ပါသည်။ ကျေးဇူးတော်ရှင် သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည့်
ဝိဇာယနအခါတော် ကုသိုလ်ကောင်းမှုမင်္ဂလာပွဲကို ယခု ၁၃၇၁ခုနှစ်ုတပေါင်းလပြည့်
(၂၇-၂-၂၀၁၀)နေ့တွင် ဆင်ယင်ကျင်းပမည်ဖြစ်ပါသောကြောင့် အောက်ဖေါ်ပြပါ
အစီအစဉ်အတိုင်းကောင်းမှုကုသိုလ်တော်ပွဲအားလုံးတွင် ပါဝင်တက်ရောက်ကြည်ညို
ကုသိုလ်ယူကြပါရန်လေးစားစွာဖိတ်ကြားအပ်ပါသည်၊
အစီအစဉ်
တပေါင်းလဆန်း(၁၂)ရက်နေ့ (၂၄-၂-၂၀၁၀)နေ့
နံနက်(၈)နာရီအချိန်တွင် သီတဂူအရှင်ဒေ၀ိန္ဒာလင်္ကရာဘိဝံသ(M.A)ကို
ယခင်ကိန္နရာချောင် ယခု သဒ္ဓမ္မဝေဒဂူချောင်၏ကျောင်းထိုင်တာဝန်ခံအဖြစ် တင်မြှောက် အပ်နှင်းခြင်း။
တပေါင်းလဆန်း(၁၃)ရက်နေ့ (၂၅-၂-၂၀၁၀)နေ့
နံနက်(၈)နာရီအချိန်တွင်
စစ်ကိုင်းမြို့နယ်၊ ဆားတောင်ကျေးရွာ၌ သီတဂူဗြဟ္ဓာယု ဆေးရုံတော်ကြီးကို ဖွင့်လှစ်ခြင်း။
တပေါင်းလဆန်း(၁၄)ရက်နေ့ (၂၆-၂-၂၀၁၀) နေ့
နံနက်(၈)နာရီအချိန်တွင်
မက္ခရာ ရွှေစည်းခုံ စေတီတော်ကြီး၌ စေတီလေးပါးဌာပနာသွင်း ပူဇော်ခြင်း။
တပေါင်းလပြည့် (၂၇-၂-၂၀၁၀)နေ့
နံနက်(၅)နာရီ အချိန်တွင် ပင့်သံဃာတော်အပါး(၁၀၀၀)တို့အား
သပိတ်၊သင်္ကန်း၊ဆွမ်း၊ခဲဖွယ် ဘောဇဉ် စုံလင်စွာဖြင့် လောင်းလှူပူဇော်ခြင်း၊
နံနက်(၆)နာရီအချိန်တွင်သံဃာတော်အရှင်မြတ်တို့အား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊
နံနက်(၇)နာရီ အချိန်တွင် သီတဂူဆရာတော်ကို ပုနောပသမ္ပဒ သိက္ခာထပ် မင်္ဂလာ ပြုလုပ်ခြင်း၊
တပေါင်းလပြည့်ကျော်(၁)ရက်နေ့ (၂၈-၂-၂၀၁၀)နေ့
နံနက်(၅)နာရီအချိန်တွင် သီလရှင်အပါး(၁၀၀၀)တို့အား
အာရုဏ်ဆွမ်းလှူဒါန်းခြင်း။သီလရှင်ဝတ်စုံနှင့် အခြားလှူဖွယ် ပစ္စည်းများလောင်းလှူခြင်း စသည့်
ကုသိုလ်တော်ပွဲ အရပ်ရပ်ကို ပါဝင်ကြပြီး ဝေယျာဝစ္စကောင်းမှူ့ ကုသိုလ်ဒါနဝေစု
ရယူကြပါရန် ဖိတ်ကြားအပ်ပါသည်၊
စီမံအုပ်ချူပ်ရေးအဖွဲ့
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊စစ်ကိုင်း
Wednesday, February 10, 2010
သီတဂူဆရာတော်၏ သက်တော်(၇၃)နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာ
Posted by
အရှင်နာယကာလင်္ကာရ
at
2/10/2010 03:50:00 PM
Labels: သတင်း
Subscribe to:
Post Comments (Atom)
1 comments:
ဆက်သွယ်လှူဒါန်းနိုင်မယ့် လိပ်စာ ဖုန်း အတိအကျသိလိုပါ
တယ် ဘုန်းဘုန်း။ ဆရာတော်ဘုရားကြီး ၀ိဇာတအလှူ အတွက် မေးမြန်းချင်တာလည်းရှိလို့ပါ။
ခုလိုအသိပေးတာကျေးဇူးပါ။ အရှင်ဘုရားလည်း ကျန်းမာ ပျော်ရွှင်ပါစေ။
Post a Comment