အိန္ဒိယအလယ်ပိုင်း မဇ္ဈိမအပိုင်းအခြားများကို မြတ်စွာဘုရား ပဒေသပညတ်တော်ဖြင့် အရှင်ကစ္စာယနမထေရ် လျှောက်ထားချက်အရ ခွင့်ပြုတော်မူပြီးလျှင် ထိုမဇ္ဈိမဒေသအပိုင်းအခြားဖြင့် ဟောကြားတော်မူသည်မှာ.......
"အနုဇာနာမိ ဘိက္ခဝေ သဗ္ဗပစ္စ န္တိမေသု ဇနပဒေသု ၀ိနယဓရပဉ္စမေန ဂဏေန ဥပသမ္ပဒံ။ တတြိမေ ပစ္စ န္တိမာ ဇနပဒါ။"
"ရဟန်းတို့၊ အစွန်အဖျား တိုင်းနိုင်များ၌ ၀ိနည်းဓိုရ်လျှင် ၅-ပါးမြောက်သော ဂိုဏ်းဖြင့် ရဟန်းပြုခြင်းကို ခွင့်ပြုတော်မူ၏။"
၁။ ပုရတ္ထိမာယ ဒိသာယ ဂဇင်္ဂလံ နာမ နိဂမော၊ တဿ ပရေန မဟာသာလာ၊ တတော ပရာ ပစ္စ န္တိမာ ဇနပဒါ၊ သြရတော မဇ္စျေ။
အရှေ့မျက်နှာ၌ ဂဇင်္ဂလနိဂုံး၊ ၄င်းနောက် ကြီးစွာသော အင်ကြင်းပင်ကြီး ရှိ၏။ ထိုမှအပြင်ပကား အစွန်အဖျားနိုင်ငံတို့တည်း။ အတွင်းဘက်ကား မဇ္ဈိမ အလယ်ပိုင် နိုင်ငံတို့တည်း။
၂။ ပုရတ္ထိမဒက္ခိဏာယ ဒိသာယ သလ္လာဝတီ နာမ နဒီ။ တတော ပရာ ပစ္စ န္တိမာ ဇနပဒါ၊ သြရတော မဇ္စျေ။
အရှေ့တောင်ဘက်၌ သလ္လာဝတီမြစ်ရှိ၏။ ထိုမှ အပြင်ပကား အစွန်အဖျား နိုင်ငံတို့တည်း။ အတွင်းဘက်ကား မဇ္ဈိမ အလယ်ပိုင်းနိုင်ငံတို့တည်း။
၃။ ဒက္ခိဏာယ ဒိသာယ သေတကဏ္ဏိကံ နာမ နိဂမော။ တတော ပရာ ပစ္စ န္တိမာ ဇနပဒါ၊ သြရတော မဇ္စျေ။
တောင်မျက်နှာ၌ သေတကဏ္ဏိက မည်သော နိဂုံးရှိ၏။ ထိုမှ အပြင်ပကား အစွန်အဖျား နိုင်ငံတို့တည်း။ အတွင်းဘက်ကား မဇ္ဈိမ အလယ်ပိုင်းနိုင်ငံတို့တည်း။
၎။ ပစ္ဆိမာယ ဒိသာယ ထူဏံ နာမ ဗြဟ္မဏဂါမော။ တတော ပရာ ပစ္စ န္တိမာ ဇနပဒါ၊ သြရတော မဇ္စျေ။
အနောက်မျက်နှာ၌ ထုဏမည်သော ပုဏ္ဏားရွာရှိ၏။ ထိုမှ အပြင်ပကား အစွန်အဖျား နိုင်ငံတို့တည်း။ အတွင်းဘက်ကား မဇ္ဈိမ အလယ်ပိုင်းနိုင်ငံတို့တည်း။
၅။ ဥတ္တရာယ ဒိသာယ ဥသီရဒ္ဒဇော နာမ ပဗ္ဗတော။ တတော ပရာ ပစ္စ န္တိမာ ဇနပဒါ၊ သြရတော မဇ္စျေ။
မြောက်မျက်နှာ၌ ဥသိရဒ္ဒဇ မည်သော တောင်ရှိ၏။ ထိုမှ အပြင်ပကား အစွန်အဖျား နိုင်ငံတို့တည်း။ အတွင်းဘက်ကား မဇ္ဈိမ အလယ်ပိုင်းနိုင်ငံတို့တည်း။
ရဟန်းတို့ ဤသို့သော အစွန်အဖျားတိုင်းနိုင်ငံများ၌ ၀ိနည်းဓိုရ်လျှင် ၅-ပါးရှိသောဂိုဏ်းအားဖြင့် ရဟန်းပြုခြင်းငှာ ခွင့်ပြုတော်မူ၏။
ဤသို့အားဖြင့် ၀ိနယပိဋက၊ မဟာဝဂ္ဂ ခန္ဓကပါဠိတော်၌ မြတ်စွာဘုရား ဟောကြားတော်မူအပ်သော အပိုင်းအခြားအရ အဋ္ဌကထာဖွင့်ပြသည်မှာ မဇ္ဈိမဒေသ အပိုင်းအခြားအကျယ်အ၀န်းသည် ယူဇနာ- ၉၀၀ ရှိ၍၊ အချို့ အရပ်၌ အချင်းယူဇနာ ၃၀၀ ကျယ်လျက် အချို့အရပ်ကား ယူဇနာ ၂၅၀ ကျယ်သောကြောင့် ၄င်းနယ်ပယ် သဏ္ဍာန်အားဖြင့် မရိုးစည်သဖွယ် ရှိကြောင်း၊ အစွန်း၂-ဖက် အနည်းငယ်ကျဉ်း၍ အလယ်၌ ကျယ်ကြောင်း ဖော်ပြ၏။ ၄င်း ၅-ဌာန အပိုင်းအခြားများမှာ အခါကာလ ကြာရှာလှသောကြောင့် အမည်နာမ အရပ်ဒေသ အသေအချာအားဖြင့် ဖော်ပြရန် မလွယ်ကူသော်လည်း ၄င်းနေရာဌာနများသည် အဆက်ဆက် မှတ်သား၍ အနည်းငယ်ချို့ယွင်းသော အမည်များကို ထောက်စာလျက် ၄င်းတို့နှင့် စပ်လျဉ်း၍ ရှာဖွေရေးသား ကြသော မှတ်တမ်းများကို ထောက်ဆကာ သိနိုင်ကြကုန်၏။ ၄င်းတို့မှာ .......
Monday, February 1, 2010
မဇ္ဈိမဒေသ အလယ်ပိုင်း အပိုင်းအခြား (၁)
Posted by
အရှင်နာယကာလင်္ကာရ
at
2/01/2010 07:15:00 PM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment